ifo@technicalpantha.com 123-456-789
ကျန်းမာရေးအတွက် ဈေးသက်သာတဲ့ Mi Bands

ကျန်းမာရေးအတွက် ဈေးသက်သာတဲ့ Mi Bands

ကျန်းမာရေးအတွက် ဈေးသက်သာတဲ့ Mi Bands

အားလုံးပဲမင်္ဂလာပါ။ technicalpantha.com ကနေပြန်လည်ကြိုဆိုပါတယ်။ ဆိုတော့ ဒီနေ့ Smartwatch ထက် bands တွေကို ဘာဖြစ်လို့ဝယ်သင့်လဲဆိုတာကို ဆွေးနွေး ပေးမှာပါ။ အမှန်တိုင်းပြောရရင် Smartwatch တွေက ဈေးကြီးတယ်၊ bands တွေလိုပဲ ကျန်းမာရေးလိုက်စားတဲ့လူတွေအတွက်အဆင်ပြေတယ်၊ တခြား ဖုန်းတွေလိုပဲ Functions တွေ များများစားစားပါတယ်။ Bands တွေက တော့ ဈေးသက်သာတယ်၊ သောင်းဂဏန်းလောက်ပဲရှိတယ်၊ ကျန်းမာရေးလိုက်စားသူတွေ၊ ပုံမှန်နာရီ အတိုင်းပဲသုံးချင်ပါတယ် ဆိုတဲ့လူတွေအတွက်အဆင်ပြေတယ်ပေါ့။
ဆိုတော့ ဘာဖြစ်လို့ Mi Bands တွေက ပိုပြီးဈေးသက်သာပြီး Price To Performance ဖြစ်သလဲဆိုတာ ဆက်ကြည့်ရအောင်။ Mi Bands 2, 3, 4 ဆိုပြီး အခုထိဈေးကွက်ထဲမှာဝယ်လို့ရနေသေးတယ်။ ဆိုတော့ band 2,3,4 က ပုံစံ Design တမျိုးထဲပဲ၊ တမျိုးချင်းစီးကပါလာတဲ့ specifications တွေကသာ အနဲနဲ့အများကွဲသွားပါလိမ့်မယ်။ ဆိုတော့ Mi Band 3 နဲ့ပဲ ဒီပိုစ့်အကြောင်းကို ဆက်ပြီး သုံးသပ်ပြမှာပါ။
ကျန်းမာရေးလိုက်စားလူတွေအနေနဲ့ Heart Reate Sensor ပါတယ်၊ Steps counter, လေ့ကျင့်ခန်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ပြေးတာ ကအစ Counting လုပ်ပေးတယ်။

Mi Fit application နဲ့တွဲသုံးပြီး၊ ထိုင်နေတာ ကြာနေပြီဆိုရင် ထပြီး လမ်းလျှောက်ဖို့ အသိပေးမယ်၊ ညအိပ်ချိန် ဘယ်နှာရီ လောက် ကြာလဲ၊ တကယ်ရော အိပ်ပျော်ခဲ့လား၊ အိပ်ချိန်ရဲ့ ဘယ် ရာခိုင်နှုန်းက Deep sleep, ဘယ်လောက်က နှိုးတဝက် Light sleep, ဘယ်လောက်ကြာအောင် အိပ်မပျော်ပြီး ပြန်ပြီးနိုးသွားတာလဲ ဆိုတာ ပြန်ကြည့်လို့ရတယ်။ Battery 250mAh ပါတယ်ဆိုပေမယ့်၊  တခါသွင်း ရင် တစ်နာရီလောက်နဲ့ ပြည့်တယ်။ တခါသွင်းပြီး ၂ရက်လောက်အေးဆေး သုံးလို့ရတယ်။ ဖုန်းက တက်လာသမျှ notification တွေ Vibration နဲ့ အသိပေးတယ်။ ဆိုဆော့ တခြား Functions တွေလည်း များစွာပါသေးတယ်။
ရေအနက် ၅မိတာ အထိ ရေကူးလို့ရတယ်။ ရေဆိုတာလောက်တော့ အေးဆေးသုံးလို့ရပါတယ်။ ရေချိုရင်း ချွတ်စရာ မလိုတာ က တကယ် ကျေနပ်စရာပါ။ ဆိုတော့ သိန်းဂဏန်းတန် smartwatch ဝယ်မယ့် အစား ကျန်းမားရေး အတွက်သီးသန့် bands ကိုပဲရွေးချယ်သင့်ပါတယ် ဆိုတာ ကို အကြံပေးရင် ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျနော်က တော့ မောင်ခမ်းပါ။ Technical Pantha ကပါပဲ။

Leave a Reply

Close Menu
×
×

Cart