ifo@technicalpantha.com 123-456-789
Computer Programming ဆိုတာဘာလဲ။

Computer Programming ဆိုတာဘာလဲ။

Computer Programming ဆိုတာဘာလဲ။

Technical Pantha ကနေကြိုဆိုပါတယ်။ computer Programming Language ​​တွေဆိုတာ ကျွန်​တော်တို့ လူ​​တွေရဲ့ ညွှန်ကြားချက်​​တွေကို Computer နားလည်​အောင် ​ဘာသာပြန်​ပေးထားတဲ့ Language တစ်ခုလို့ ဆိုရပါမယ်။
ကျွန်​တော်တို့ လူသား​​​တွေမှာ လူမျိုး အမျိုးမျိုး ဘာသားစကား အမျိုးမျိုး ရှိသလိုပဲ Computer Programming ​တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ဘာသာစကား အမျိုးမျိုးရှိပါတယ်။အ့တာ​​​ကြောင့်မို့လို့လဲ Programming Language​တွေဟာလည်း အများအပြားတည်ရှိ​နေတာပဲ ဖြစ်ပါတယ်။
Computer နားလည်နိုင်တဲ့ Language တစ်ခုရဲ့ အစိတိအပိုင်းကို “binary” လို့​ခေါ်တယ်။အ့လို Programming Language ကို “binary” သို့ ​​ပြောင်းခြင်းကို “compiling” ​ခေါ်တယ်။Language တခုချင်းတိုင်းစီ ဥပမာ C Language က​နေ Python ထိ Language တခုချင်းတိုင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ အင်္ဂါရပ်​တွေ ကိုယ်စီရှိကြပါတယ်။
ထို Language ​တွေက ကြီးမားပြီး ရှုပ်​​ထွေးတဲ့ အချက်အလက် Data ​တွေကို မြန်ဆန်စွာနဲ့ တိတိကျကျ ဖြစ်​စေရန်အတွက် Computer ကို လုပ်ခိုင်းခြင်း ဖြစ်ပါတယ်။ဥပမာ မှာ အားဖြင့် လူတ​ယောက်ကို ၁က​နေ ၁​သောင်း ၁သိန်း စတဲ့ ဂဏန်း​​တွေကို ​ပေးထားပြီး ငယ်စဥ်ကြီးလိုက် စီပါဆိုရင်အချိန်​​တွေလည်း ကြာနိုင်ပြီး​တော့ အမှားပါဖို့ Chance ကလည်း​တော်​တော်​လေး များပါတယ်။
ယ​နေ့ စက်မှု လက်မှု လုပ်ငန်း​​တွေမှာ အသုံးပြု​နေကြ​တဲ့ Programming Language ​တွေများစွာရှိပါတယ်။ အ့ထိထဲကမှ ကျွန်​တော်တို့​ဟာ ကိုယ်နဲ့သင့်​တော်မယ့် Language ကို ​ရွေးပြီး သုံးကြရပါတယ်။လူတိုင်းက ဒီProgramming Language တိုင်းကို​ လုံး၀ ကျွမ်းကျင် ​နေဖို့လိုလားဆို​​တော့လည်း မလိုအပ်ပါဘူး။လူတိုင်းဟာ ကျွမ်းကျင်မှုခြင်း မတူညီကြပါဘူး။ ကိုယ် ဝါသနာပါတာခြင်းလည်းမတူညီကြပါဘူး။ အ့​တော့ ကိုယ့်ရဲ့ Professional Life မှာ ကိုယ်နဲ့ ကိုက်ညီတဲ့ Language တခုခုကို တက်​မြောက်​နေရင်ရပါပြီ။ အခုလို​​ပြောလို့ ကျန်တဲ့Language တိုင်းကို ဘာမှနားမလည်လည်းရပါတယ်ဆို​တာ​တော့ ​အတိအကျ​တော့မမှန်ပါဘူး။ Language ​တော်​တော်များက ဆက်စပ်​နေတာပါ။ အ​​ခြေခံ သ​ဘောတရား​လေးဖြစ်ဖြစ်သိထားရင် ရပါပြီ။
အဲ့ဒီ​တော့ အားလုံးလည်း သ​ဘော​ပေါက်မယ်ထင်ပါတယ်။ကိုယ့်ရဲ့ Professional Life မှာ ကိုယ်ဝါသနာပါတဲ့ Language ​​တွေကို ​လေ့လာလိုက်စားရင်းနဲ့ ​အောင်မြင်ကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်းရင်းနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။Other Post >> http//technicalpantha.com/871-2/By: ZeddY

Leave a Reply

Close Menu
×
×

Cart